Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Friday, June 29, 2012

` အဝေးသင် ကျောင်းသူ ´

စနေ ၊ တနင်္ဂနွေ ကျောင်းတတ်ဖြစ်လည်း

စီးပွာရေးက ခလုတ်တိုတ်တော့

နှလုံးသားက အိမ်မှာကျကျန်ခဲ့တယ် ...

မပြေလည်မှုက တစ်ခုမဟုတ်ဘူးဆိုရင်

ငါ့မှာ စိတ်ကူးဘယ်လိုယဉ်မလဲ ... ?

 ... `နင့်ကိုငါမမုန်းပါဘူးဟာ´...

ငါ့ဘ၀ကအရှုံးတွေပဲမို့ 

အချစ်နဲ့ပါက်သက်ရင် မျက်ဝန်းတစ်စုံပဲ ချမ်းသာတယ် ...

ငါပြောတဲ့ အသံမဲ့ဘာသာစကားကို

 နင်နားလည်လို့ဘာသာပြန်တတ်ရင်

 အနက်ရှိုင်းဆုံးချစ်မေတ္တာကိုတွေ့မှာပါ ...

....`` သွားတော့မယ် နော် ´´.....

ကျောင်းတော်ကြီးကိုလည်း နှုတ်ဆက်ခဲ့ပါတယ်

အခုလာနေတဲ့ ဘတ်စ်ကား က နောက်ဆုံးမို့ ...

ငါ့ကို ပြန်ခွင်ပြုပါ .....။     ။

No comments:

Post a Comment