မမျှားပဲ မိသွားခဲ့ရတာ ... ငါ
ချစ်သူရဲ့ ဖန်လှောင်ကန်ထဲက
ဒဏ်ရာရ ငါးတစ်ကောင်ပါ ...
အစာမက်လို့မဟုတ်ခဲ့ပါဘူး !
အချစ်အတွက် အသက်ရှင်ချင်သူမို့
စာနာပေးပါ ချစ်သူ ...... ။
သူ့အလိုလို ...
မထောင်ပဲ မိသွားခဲ့ရတာ ... ငါ
ချစ်သူရဲ့ ငှက်လှောင်အိမ်ထဲက
အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်ပါ ...
အဖော်မက်လို့ မဟုတ်ခဲ့ပါဘူး !
အချစ်နဲ့ အသက်ရှင်ချင်သူမို့
နားလည်ပေးပါ ချစ်သူ ...... ။
သူ့အလိုလို ...
မခိုင်းစေပဲ ခစားခဲ့ရတာ ... ငါ
ချစ်သူရဲ့ အလင်းကွန်ယက်ထဲက
ညိုးနွမ်းခြောက်သွေ့နေတဲ့ နေကြာပန်းတစ်ပွင့်ပါ
ဘ၀ကိုမက်လို့ မဟုတ်ခဲ့ပါဘူး !
အသက်ထက်မကကြင်နာသူမို့
စာနာ နားလည် ခွင့်လွတ်ပေးပါ ချစ်သူ ..... ။ ။
No comments:
Post a Comment