Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, August 11, 2012

တမ်းချင်း (၁)

နှလုံးသား၌

ဆူးနစ်နေသော အလွမ်းဆူးများစွာကို

ချစ်သူ မှတပါး

အခြား မည်သူဖယ်ရှားနိုင်အံ့နည်း .....

လန့်လန့်နိုးစေတတ်သော ညအိပ်မက်ဆိုး

ဆိုးသွမ်းရိုင်းစိုင်းလွန်းတဲ့ အလွမ်းရိုင်း

အလွမ်းရိုင်းအိပ်မက်ဆိုးတွေကို ကြိုးပေးသတ်လိုက်ဖို့

ချစ်သူ၏ဆံနွယ်တစ်ပင် ပေးသနားပါ .....

ဒိုင်ယာရီစာအုပ်ကို ဖွင့်ဟလိုက်ချိန်တိုင်း

ပင့်သက်ရှိုက်သံကြားက မျက်ဝန်းတစ်စုံ

ခဏခဏမိုးဆွေနေတာ ရပ်တန့်ပါစေ ...

ပြီး ... နောက်ရာစုနှစ်များအထိ -

အလွမ်းမျက်ရည်မိုးခေါင်သွားအောင်

ညင်သာတဲ့ တန်ခိုးအာဏာနဲ့ အမိန့်ပေးတားမြစ်ဖို့

မနက်ဖန်ခါဆို ချစ်သူပြန်လာပေးပါ .....

တကယ်လို့များ ...

ကံကြမ္မာသာ လိမ္မာရိုးစင်းခဲ့ရင်

ဘယ်သူမေးမေး / ဘယ်သူဖြေဖြေ

တို့နှစ်ယောက်ရဲ့နေရပ်လိပ်စာဟာ ဧဒင်ဥယျာဉ်ပဲဖြစ်လိမ့်မယ် .....     ။     ။

4 comments:

  1. ချစ်သူဆိုတဲ့သူလေးရေ
    အလင်းရဲ့ နှခုံးသားမှာစူးနေတဲ့ဆူးကို
    အမြန်လေး လာရောက်ဖယ်ရှားပေးလိုက်ပါကွယ်

    ReplyDelete
  2. ကဗျာလေးလာခံစားသွားတယ်

    ReplyDelete
  3. ထပ်သူထပ်မျှပါပဲ ဝေးနေတဲ့ဘဝ ကနေရခက်တယ်

    ReplyDelete
  4. ကိုလဲထပ်တူပါပဲ
    Aung

    ReplyDelete