Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, November 17, 2012

ရုပ်သေး တစ်ရုပ်ရဲ့ အနာဂါတ်














အလွမ်းရဲ့ပြုစားခြင်းမှာ ရူးသွပ်နေတုန်း

ချစ်သူက အမုန်း စကားဆိုတယ် ...

မငိုပေမယ့် ...

အလိုလို ကျလာတဲ့ မျက်ရည်ရဲ့သဘာဝမှာ -

အိပ်စက်ခြင်းတွေ ပျောက်ရှခဲ့ရ ..... ။

လောလောဆယ်မှာတော့ -

လက်တွေ့ကျကျ မေးခွန်းတစ်ခုရှိတယ် ...

2 - 1 =  ?

( နှစ် ထဲက တစ်ကို နုတ်ရင် ဘာကျန်မလဲ )

သင်္ချာလိုတွက်ရင်တော့ ရှင်းရှင်းလေးပေါ့ -

ဒါပေမယ့် ...

အချစ်စစ်ရဲ့ သီအိုရီမှာတော့ -

နှစ် ထဲက တစ်ကို နုတ်ရင် ရင်ကွဲပက်လက်ကျန်ခဲ့မှာပါ    ..... ။

ကိုယ် ကိုယ်တိုင်က ကဗျာတစ်ပုဒ်ဆို -

အချစ် အက္ခရာကို ဘယ်မှာ သွားရှာမလဲ ... ?

သူ - မရှိလို့မဖြစ်တာသိရက်နဲ့

ဒီရင်ဘက်ကို ကြက်ခြေခတ်ဖို့ ကြိုးစားခဲ့တာလား  ....

ရုပ်သေးတစ်ရုပ်ရဲ့ အနာဂါတ်အတွက်

ကကြိုးတွေ ပေးခဲ့ပါဦးသခင် .....  ။       ။

7 comments:

  1. ၀ိုး..........ဂွတ်တယ်အလင်းရေ...
    စကားလုံးလေးတွေက အဆန်းကြီးမဟုတ်ပေမဲ့..
    အတွေးလေးကကောင်းတော့...အရေးလေးကလဲလန်းသကွာ...
    အားရတယ်ဟာ အလင်း...ဒီကဗျာလေးတော့မိုးနတ်သိပ်ကြိုက်တာပဲ..
    ဆက်လက်ထုဆစ်နိုင်ပါစေ..
    အားပေးနေတယ်နော်...
    ခင်မင်နေလျက်...မိုးနတ်

    ReplyDelete
  2. သံသယ ဆိုတာ ချစ်သူတွေကြားထဲကို တစ်ခါတရံ အလည်လာတတ်ပါတယ်။

    ReplyDelete
  3. မောင်ပစ်တိုင်းထောင် ကြိုးမရှုပ်ချင်ပါလို့ အဆိုတော်ကြီး စိုးပိုင်က ဆိုခဲ့ဖူး ...

    ReplyDelete
  4. ​ကောင်းတယ်​ဆတ်​​ရေးပါအား​ပေး​နေမယ်

    ReplyDelete
  5. အရမ်းသစ်​တယ်

    ReplyDelete
  6. ကို အလင်းရေး ကဗျာ တွေ က တော်တော် မိုက်တယ် ညီ တော့ အကိုလင်းကဗျာေ တွကိုတော်တော် ခိုက်တယ်

    ReplyDelete