သခင့် အပါးမှာနေ ၊ သခင်လိုရာဖြည့်ဆည်းပြီး
သခင့်အနာမှာပဲ စောင့်ရှောက်နေချင်တယ်
သခင်သွားလိုရာစေ ထားလိုရာနေမယ့်ဘ၀မှာ အမြဲတမ်း သခင့်
အတွက်ပဲစိတ်ကူးယဉ်မှားနေသူပေါ့ .....
မမျှော်လင့်ပဲ သခင့်ပါးစပ်က တောက် ခေါက်သံနဲ့အတူ
...`` နောက်ကမလိုက်နဲ့ ´´... ဆိုတဲ့ သခင့် စကားမှာကျရှုံးခဲ့ပြီး
စွန့်ပြစ်ခံလေလွင့်ဘ၀နဲ့ပဲ လမ်းဘေးမှာ ကျန်ခဲ့ပါတယ် သခင် .....
သခင် သိနေမလား ...?
ဝေးနေရတဲ့နေ့ရက်တွေမှာဆို
မမြင်သာတဲ့ တစ်နေရာကနေ သခင့်မျက်နှာကို အမြဲခိုးကြည့်နေရပြီး
ပင့်သက်တွေပဲ အကြိမ်ကြိမ်ချနေခဲ့ရသူပါ .....
ဘယ်တော့များ ...သခင် ပြန်လာမလဲ ... ?
ဘယ်တော့များ ...သခင် ပြန်ခေါ်မလဲ ... ? ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့
- လမ်းမထက်မှာ ...
- ခွေးလေးတစ်ကောင် ...
- လည်တဆန့်ဆန့် နဲ့ ...
သခင် ပြန်အလာကိုစောင့်မျှော်နေလေရဲ့ .....။ ။
No comments:
Post a Comment