စပါးကြီးတစ်ကောင်ရဲ့ ငြို့ချက်ထဲမှာ
အိမ်ပြန်လမ်း မတွေ့ခဲ့ဘူး ..... ။
သူသင်ပေးလို့ ခံစားတတ်ခဲ့သမျှ
တီတီတာတာ အလွမ်းသီချင်းတွေဆိုရင်း
လှောင်အိမ်ထဲက ငါ့နှလုံးသား
သူ့လက်ထဲက ထွက်မပြေးတတ်ခဲ့ဘူး .....။
မျှော်လင့်ချက်ရဲ့နေခြည်ငယ်ငယ်
ရှိနေလည်း ရှိစေတော့ကွယ် ... လို့
ဆန့်ကျင်ဘက် ၀င်္ကဘာထဲက
ကျိန်စာကို မြတ်နိုးမိတဲ့ ငါ့ဝိညာဉ် .....။
သြော် ...
ငါ့ ခန္ဓာကိုယ်ကတော့
သူ့ရဲ့အလှ ၊ အချစ် ၊ အလွမ်း ...
သူနဲ့ပါက်သက်သမျှ ကဗျာဖွဲ့ဖို့
အဲဒီ နူးညံ့တဲ့အမိန့်ကိုပဲ
နေ့စားမဟုတ် ၊ လစားမဟုတ်နဲ့
ဦးဆွေးဆံမြေ့ ထမ်းရွက်လျှက် .....။ ။
No comments:
Post a Comment