နှုတ်ခမ်းတစ်စုံနဲ့ ဖိရှိုက်လိုက်တယ်
အတွေးတစ်ခုနဲ့ ရီဝေေ၀ယစ်မူး
ဟူး ...
ခပ်လေးလေး မှုတ်ထုတ်လိုက်တော့
လေထုထဲတိုးဝင်ပျောက်ကွယ်
နောက်တစ်ချက် အရှိုက်မှာ
င့ါနှုတ်ခမ်းတွေ ထူပူသွားတယ်
သြော် ...
ဖင်အဆီခံတောင် မီးစွဲနေပြီလား ...?
လမ်းမပေါ် ပစ်ချ .. ပြီး
ဖိနပ်နဲ့ နင်းချေတတ်သော
ကံကြမ္မာရဲ့ အချိုးအကွေ့ အစုန် အဆန်မှာ
ငါ့ဘ၀ ငါနှလုံးသား
တံဆိပ်မပီတော့တဲ့ ဆေးလိပ်တိုလို
သူ့နာမည် ဟစ်အော်ရင်း
ငါ့နာမည် ငါမေ့ခဲ့တယ် .....။ ။
No comments:
Post a Comment