သူဟာ လူဆိုးပါ ...
ကျွန်နုပ် ဥယျာဉ်ထဲက -
ပန်းတစ်ပွင့်ကို ချိုးယူပြီး-
ကျွန်နုပ် ဒိုင်ယာရီထဲက ကဗျာ တစ်ပုဒ်ကို ခိုးယူသွားခဲ့တယ် ..... ။
သခင် ...
သူဟာလူဆိုးပါ ...
ကျွန်နုပ် ရင်ဘက်ထဲက-
နှလုံးသားကို နိုးထစေခဲ့ပြီး-
ကျွန်နုပ်နှလုံးသားထဲက အချစ်ကိုပျိုးယူသွားခဲ့တယ် ..... ။
သခင် ...
လူဆိုးဟာ အခြားလူမဟုတ် --
-ကျွန်နုပ် ဖြစ်တယ်လို့ပဲ မှတ်ယူပါ ...
ပန်းတစ်ပွင့် -
ကဗျာတစ်ပုဒ်နဲ့ နှလုံးသားကို
သခင့် ထံသို့ ပေးအပ် ချစ်ခဲ့မယ် ..... ။ ။
No comments:
Post a Comment