တွေ့ပြန်တော့လည်းအမှတ်တမဲ့ပါပဲ
ရင်ခုန်မှုကို ကိုယ်တိုင်မသိခဲ့ရဘူး
တွေ့ဆုံဖို့နေ့တိုင်းကြိုးစားခဲ့ပေမယ့်
တို့အတူရှိခဲ့တဲ့အချိန်လေးတွေဟာ
ခဏလေးတွေဆိုတာထက် နည်းပါးခဲ့ပါတယ် .... ။
ရိုးသားမှုမရှိတဲ့ကံတရားရယ်
အရာရာတိုင်းကိုအနီရောင်ကြက်ချေခတ်တွေရေးချယ်ဖို့
ဘာ့ကြောင့်များငါ့ကိုရွေးချယ်ခဲ့တာလ ... ?
အခုဆို ...
အခုဆိုရင်ချစ်သူရယ် ....
ငါမင်းကိုအရမ်းတွေ့ချင်ပေမယ့်
ဘယ်လိုမှမဆုံတွေဖြစ်အောင်
ငါ့မှာ ......
ကျကျနန ပုန်းရှောင်နေရတယ် ချစ်သူရယ် ....... ။ ။
No comments:
Post a Comment