ငါလိုချင်တဲ့မျက်နှာသာ
ရရှိခဲ့တာ မျက်ရည်နဲ့ မျက်ခွက်
ဝှက်ဖဲဆိုလို့လဲ ငါ့မှာအသက်မထွက်သေးတာတစ်ခုပဲ ...
... ကဲ ရှိစေတော့ ..
သန်းခေါင်ထက်ညနက်ဦမလား ... ?
ဘ၀ကို သုညကစလည်း လမ်းဆုံးရင် ရွာတွေ့မှာပေါ့
ငါ့ခန္ဓာကို တည့်မတ်
ငါ့ဥာဏ်ရည်ကို ဆွဲဆန့်ပြီး
လမ်းလျှောက်ရင်း လမ်းပျောက်ရင်း
လမ်းဖောက်ရင်း လမ်းလျှောက်ရင်း
ပန်းတိုင်ရောက်မှ ချွေးတွေသုတ်ရင်း ရယ်မောကြတာပေါ့ချစ်သူ ........။ ။
No comments:
Post a Comment