ကိုယ့်စိတ်ကူးအိပ်မက်တွေဟာ
ညှင်သာတဲ့
လှိုင်း
လေပြေလို
ခရမ်းရောင်ဗေဒါပန်းတွေနဲ့အတူ
အချစ်ပင်လယ်ထဲ စီးဝင်နေခဲ့တယ် .....။
ဟိုး ... အဝေးကို မင်းထွက်ခွါသွားပြီး
အနားမှာ ချစ်သူမရှိတဲ့အခါ
ကဗျာအားလုံးရဲ့ ခေါင်းစဉ်ဟာ
အလွမ်းဖြစ်နေပြီး
သီချင်းသံစဉ်တွေလည်း
ဆွေးမြေ့ ကြေကွဲလို့နေတယ် ချစ်သူရယ် .....။ ။
No comments:
Post a Comment