ကျွန်တော့်နှလုံးသားက အနက်ရောင်ပါ ...
သူငယ်ချင်းတွေကပြောတယ်
....`` မင်း .. သူ့အပေါ်မရိုးသားတော့ဘူး ´´... တဲ့
ဝန်ခံပါတယ် ...ကျွန်တော် သူ့ကိုချစ်ခဲ့မိတယ် ... ။
ဒုတိယမြောက် ရိုမီယိုကပြောတယ်
`မျှော်လင့်ခြင်းက အပြာရောင် ´ တဲ့
သူ့အချစ်ကို မျှော်လင့်နေခဲ့ရတဲ့အတွက်
ပြာလွင့်တဲ့ မိုးကောင်းကင်ကြီးနဲ့
ငါ့နှလုံးသားဟာ တစ်ထပ်တည်းကျခဲ့ပြန်ရော .....
အဖြူထည်သက်သက် ငါ့နှလုံးသားဟာ
အနက်ရောင်အဖြစ်ပြောင်းလဲပြီး
မင်းအချစ်ကို ပြာလွင့်လွင့်မျှော်လင့်နေခဲ့ရပေမယ့်
ချစ်သူရယ် ... မင်းနှလုံးသားကတော့
အဖြူရောင်အဖြစ်နဲ့ပဲ ရှိနေဆဲပဲလားကွယ် .....။ ။
ဒုတိယမြောက် ရိုမီယိုကပြောတယ်
ReplyDelete`မျှော်လင့်ခြင်းက အပြာရောင် ´ တဲ့