Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Wednesday, August 1, 2012

မပေးဖြစ်တဲ့စာတစ်စောင်

မင်းမရှိတဲ့နောက်တစ်ရက်မှာ

ငါ့အချစ်သစ်ပင်တစ်ခုလုံး

 အလွမ်းပန်းတွေ တွေဝေဆာနေလိုက်တာများ

တို့နှစ်ဦးရဲ့အတိတ်ပုံရိပ်များစွာဟာ

အတွေးတွေထဲအထိ ဝေ့ဝဲကာကြွေကျနေတော့တယ် ..... ။

နေရာဟောင်းတွေရဲ့လှောင်ရယ်သံ ...

အထီးကျန်ညများ -

သတိတရနဲ့ အလွမ်းပန်းတစ်ပွင့်စီကို ကြိုးနဲ့သီလို့

 ချစ်သူဖတ်ဖို့ စာစီကုံးအပြီးမှာ

အလွမ်းရနံ့တွေသင်းလိုက်ပုံက

ကိုယ်တိုင်မျက်ရည်ဝဲမိလို့

ရည်ရွယ်ရာမပို့ရက်ခဲ့ပါဘုး

အားငယ်သူ ချစ်သူငယ်ငယ်အတွက်

အလွမ်းပြေဖို့နမ်းရှိုက်ခြင်းမှာ

မျက်ဝန်းလေးတွေမိုးစိုနေလိမ့်မယ် .....     ။     ။

1 comment:

  1. အားငယ်သူ..ချစ်သူငယ်ငယ်အတွက်အလွမ်းပြေဖို့ နမ်းရှိုက်ခြင်းမှာ

    မျက်ဝန်းလေးတွေ
    မိုး...စို...နေ...လိမ့်...မယ်.....။

    ReplyDelete