Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Friday, August 17, 2012

မျှော်လင့်ခြင်း အားအင်

ကြမ္မာဆိုးက ကိုင်နှဲ့နေမှတော့

ငါ့မျှော်လင့်ချက်တွေ ယိုင်နဲ့ပါစေလေ

ပြန်လည်တည့်မတ်ဖို့ ကြိုးစားရမှာပေါ့ ...

အေးစက်နေတဲ့စိတ်ကူးတွေကိုလည်း -

အရင်ထက်လင်းလက်ဖို့ ထွန်းညှိရဦးမယ် ... ။

ချစ်သူ ...

ဟိုး ... အဝေးကချစ်သူရေ ...

တို့နှစ်ဦးမလွန်ဆန်နိုင်ခဲ့တာ -

အိမ်ပြန်ချိန်တွေတိုင်း ခွဲခွါခဲ့ရခြင်းတွေမဟုတ်လား ... ?

တို့အတူ ခံစားနားလည်ခဲ့ကြတယ် ...

မျက်ရည်တွေလည်း ဝဲခဲ့ကြတယ် ...

ဘယ်သူမှ မလိုချင်ပဲ ရရှိထိရှခဲ့တဲ့ -

ခပ်ပြင်းပြင်း အလွမ်းဝိုင်ကိုမော့ပြီး

( တစ်နေ့တစ်နေ့ ) ငေးဆွေး ထိုင်မှိုင်နေရတာ-

စိတ်ပျက်စရာ အဓိပ္ပါယ်မဲ့ပေမယ့် .....

ဖွင့်ဟတိုင်တည်စရာမလိုပဲ -

ကိုယ်စီရှိခဲ့တဲ့ သစ္စာစကားတွေကြောင့်

တစ်ချိန်ချိန် ...

အလွမ်းရာသီကုန်ဆုံးလို့

အနမ်းမိုးတွေဆွေဦးမယ့်မနက်ဖြန်မှာ -

အရင်လို ... စကားတွေပြောရင်း .....

အရင်လို ... လမ်းတွေအတူလျှောက်ရင်း .....

အရင်လို ... ကဗျာတွေ ရေးရင်း ဖတ်ရင်း

အရင်ထက်ခိုင်မြဲတဲ့ တွဲလက်တစ်စုံနဲ့ -

ငြိမ်းချမ်းတဲ့ အပြာရောင်ညကို တို့အတူချယ်မှုန်းကြမယ် ..... ။     ။

3 comments:

  1. ဖွင့်ဟတိုင်တည်စရာမလိုပဲ -

    ကိုယ်စီရှိခဲ့တဲ့ သစ္စာစကားတွေကြောင့်

    တစ်ချိန်ချိန် ...

    အလွမ်းရာသီကုန်ဆုံးလို့

    အနမ်းမိုးတွေဆွေဦးမယ့်မနက်ဖြန်မှာ -

    အရင်လို ... စကားတွေပြောရင်း .....

    အရင်လို ... လမ်းတွေအတူလျှောက်ရင်း .....

    အရင်လို ... ကဗျာတွေ ရေးရင်း ဖတ်ရင်း

    အရင်ထက်ခိုင်မြဲတဲ့ တွဲလက်တစ်စုံနဲ့ -

    ငြိမ်းချမ်းတဲ့ အပြာရောင်ညကို တို့အတူချယ်မှုန်းကြမယ် ..... ။ ။

    ReplyDelete
  2. သက်ဆိုင် သူရှိတဲ့လူတွေပဲ ပျော်နိုင် ကျပါစေ

    ReplyDelete
  3. ခံစားချက်တွေကကောင်းလွန်းတော့ကိုရင်ထဲက္ဋိြုမှားတစ်စင်ဝင်သလိုခံစားရတယ်

    ReplyDelete