မြင်မြင်ခြင်း ချစ်မိခဲ့တဲ့
ကာရံမညီသော ရင်ခုန်သံဟာ
ငါ့အတွက် မျက်ရည်ကျဖို့ အဖွင့်တေးသွာလား ... ?
Tampo မြန်လွန်းပါတယ် ချစ်သူ ..... ။
ငါ -
နင့်ကို ဘယ်လောက်ထိ ချစ်လဲ ... ဆိုတာ
-ငါကိုယ်တိုင်မသိသော
-နင် နားမလည်နိုင်သော
-မေးခွန်းနဲ့တူသော
ငါ့ရင်ထဲက အချစ်ရဲ့ပမာဏပါ ..... ။
ချစ်လွန်းလို့
ရှေ့ရေးကို မင်းအတွက်တွေးပြီး
ချစ်တယ်လို့တောင် ဖွင့်ဟပြောမထွက်ခဲ့သူပါ ..... ။
နင် -
တကယ်မသိဘူးနော် ...
လဆန်း-လပြည့်-လကွယ်-
ဘယ်နေ့ညကများ
အထီးကျန် လွမ်းဆွတ်မှုနဲ့ ကင်းလွတ်ခွင့်ရခဲ့သလဲ ... လို့
သန်းခေါင်ယံညရဲ့လမ်းပေါ်
အငိုတိတ်တော့မှ ကိုယ့်ကိုယ်ကို ပြန်းမေးမိတယ်
ဘဝတစ်ခုလုံး ပုံအောခဲ့ပြီးပြီပဲ ....
( ဘာ့ကြောင့်များ )
စက္ကန့်နဲ့အမျှ အရစ်ကျ ပေးဆပ်ချင်နေသေးရတာလဲ ..... ?
ချစ်သူဖတ်သင့်တယ်။ ဒါမှ သူသိမှာပေါ့။ ဒါပေမဲ့ တခါတလေလဲလေ ဖတ်ရင်လဲ သိချင်မှသိမှာပါ။
ReplyDeleteသိတတ်တဲ့ နှလုံးသားရှိသူနဲ့
ReplyDeleteမသိတတ်တဲ့ နှလုံးသား ရှိသူ ဘယ်တူပါ့မလဲ နော်...
ဟုတ်တာပေါ့ 
ReplyDeleteကြိုက်တယ်
ReplyDeleteကြိုက်ပါတယ် အရမ်းလည်းကောင်းပါတယ်
ReplyDeleteနောက်ထပ်များများလေးတင်ပေးပါနော်
ReplyDelete