Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, December 1, 2012

ခဏလေးပဲ အချိန်ပေးပါ ... !










ပကတိ ငြိမ်းချမ်းသော ဤကမ္ဘာမြေ

ရာသီဥတု သာယာ၍  -

ကံကြမ္မာဟာ တစ်ဦး တစ်ယောက်စီတိုင်းဘက်မှ -

မားမားမတ်မတ် ရပ်တည်ခဲ့သည် ..... ။

( ဒါက - မက်လက်စ အိပ်မက်အပိုင်းအစ )

လူတွေ ...

လူတွေ ... လူတွေ .....

မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် -

နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ...

မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ

ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် -

မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ...

ကျွန်တော်က ရင်ထဲရှိသလောက်ပဲ အရာထင်ချင်ခဲ့တာပါ -

အားလုံးသော ခလေးတွေအတွက် ခဏလေးတော့ အချိန်ပေး ဗျာ ... !

... ခ ဏ လေးပဲ အချိန်ပေးပါ ... !

သူတို့လေးတွေ ဘာကိုယုံကြည်ရမလဲ ... ?

သူတို့လေးတွေ ဘယ်လိုရှင်သန်နေထိုင်မလဲ ... ?

အခုလို အော်ပရေးရှင်းခန်းထဲကထွက်မလာသေးတဲ့ ကမ္ဘာမြေကြီးအတွက် -

Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် ..... ။       ။


11 comments:

  1. အလင်းရေ...အလင်းပြောသလိုလေ....အားလုံးသောခလေးတွေ
    အတွက် ခဏလေးပဲ အချိန်ပေးနိုင်ရင်တောင် သိပ်ကောင်းမှာပဲ...

    ReplyDelete
  2. အလင်းရိုင်းရေ
    ကြိုက်တယ်ဗျို့
    (မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် -

    နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ...

    မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ

    ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် -

    မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ...)..............

    ReplyDelete

  3. လူတွေ ... လူတွေ .....

    မသိခြင်းတွေ ခင်းကျင်းထားတဲ့လမ်းမပေါ် -

    နားမလည်စွာ လျှောက်သွားမိတဲ့ လူတွေ ...

    မနေ့ကအမှားတွေနဲ့ နေသားကျလာတဲ့ ဘဝ

    ဒီနေ့အတွက် အမှန်တရားကို ခုချိန်ထိရှာမတွေ့ခဲ့ရင် -

    မနက်ဖြန်ဟာ အရင်လို အပျိုစင် မဟုတ်တော့ဘူး ...

    ကျွန်တော်က ရင်ထဲရှိသလောက်ပဲ အရာထင်ချင်ခဲ့တာပါ -
    ကဗျာလေးတကယ်ကောင်းတယ် လင့်လေးချိတ်ပါရစေနော်

    ReplyDelete
  4. ကိုယ်ချင်း စာနာစိတ်ဆိုတာ လူသားအတွက် အရေးပါတာသေချာလှပါတယ် ...

    ReplyDelete
  5. ကမ္ဘာကြီးကတော့
    စစ်မှန်တဲ့ ကယ်တင်ရှင်လိုနေပါပြီဗျာ

    ReplyDelete
  6. Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် .....

    ReplyDelete
  7. ကဗျာရေးကောင်းတဲ့ ညီတစ်ယောက်တော့ တွေ့ပြီ ။

    နောက်အမြဲလာဖြစ်မှာပါ ။

    လင့်ခ်ချိတ်ထားလိုက်ပါတယ် ။

    ReplyDelete
  8. အခုလို အော်ပရေးရှင်းခန်းထဲကထွက်မလာသေးတဲ့ ကမ္ဘာမြေကြီးအတွက် -

    Google search engine နဲ့ စာနာစိတ် ကို ရှာဖွေမိတယ် ...

    ကဗျာလေးကိုနှစ်သက်တယ်ဗျ

    ReplyDelete
  9. ဒီကဗျာလေးကောင်းတယ်
    စာဖတ်သူရဲ့ ရင်ထဲကို တစ်ခါထဲ ထိုးဖောက်နိုင်တဲ့
    စကားလုံး တိုတိုတုတ်တုတ်လေးတွေ
    စိတ်ကူးချဲ့ ယဉ်လို့ ရအောင် ပညာသားပါပါ ရေးသွားတယ်

    ReplyDelete
  10. ဒီကဗျာအရမ်းကောင်းတာပဲဗျာ

    ReplyDelete
  11. ကဗျာ ​ကောင်းလွန်းလို့ ပြန်​လည်​ ကူးယူ ​ဖော်​ပြပါရ​စေ

    ReplyDelete