သိပ်ပြီးပွင့်လင်းလွန်းတဲ့ သူငယ်ချင်း
ဘယ်သူမှ မသိလိုက်တဲ့အချိန်မှာ
ကွက်လပ်တစ်ခုရဲ့ လျှို့ဝှက်ခြင်းကို ခံလိုက်ရပြီ ..... ။
ဆောင်းနှင်းပွင့်တို့ နှုတ်ဆက်ကြချိန်မှာ -
စာသင်ခန်းထဲ သူရောက်လာခဲ့တယ် ...
သမိုင်းစာအုပ်ထဲက တစ်ချို့တစ်ဝက်ကို ပြင်ဆင်ခွင့်ရဖို့ -
အင်္ဂါနေ့တိုင်း ကျောင်းမလာဘူး လို့မှာထားခဲ့ဖူးတယ် ...
သူ့အိမ်မှာ ဒေါင်းတစ်ကောင် ရှိတဲ့အကြောင်းနဲ့ပါက်သက်ပြီး -
သူမပြန်ခင်မှာ စကားနည်းနည်းပြောဖြစ်ကြတယ် ...
တကယ်ဆို ...
မင်းက ကိန်းပြည့်သဘောဆောင်တဲ့ ဗလာစာရွက်တစ်ရွက်ပါ -
ကိုယ့်ကိုယ်ကိုယ် ရွက်လှေချိုးပြီး ရွက်လွင့်ခဲ့သူပေါ့ ...
ဒါပေမယ့်ကွာ -
မင်းပင်လယ်က လှိုင်းကြမ်းလိုက်တာ ...
ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့ .....
အဲဒီနောက်တော့ တော်တော် ကြာကြာ သူပျောက်နေခဲ့တယ် .....
နောက်ဆုံးအကြိမ် သူ့ကို တွေ့လိုက်တုန်းက
နောက်သုံးနှစ်ဆို လွတ်ပါပြီကွာ ...တဲ့
သူပြောခဲ့တဲ့စကား
တကယ့် တကယ်တမ်းမှာ
ပါမောက္ခတွေကိုယ်တိုင် ဝါကျအထားအသို မှာယွင်းကြတုန်းပဲ
အခုတော့ ကြိုးပြတ်သွားခဲ့ပြီလေ ...
ဒီသောက်ရေတွင်းရဲ့ အနက်ရှိုင်းဆုံးတစ်နေရာဆီ
ရေငင်ပုံးလေး နစ်မြုပ်သွားခဲ့ပြီ ... နစ်မြုပ်သွားခဲ့ပါပြီ ..... ။ ။
ReplyDeleteသိပ်ပြီးပွင့်လင်းလွန်းတဲ့ jasmine
ဘယ်သူမှ မသိလိုက်တဲ့အချိန်မှာ
ကွက်လပ်တစ်ခုရဲ့ လျှို့ဝှက်ခြင်းကို ခံလိုက်ရပြီ
တိုက်ဆိုင်နေလို့ အစားထိုးလိုက်တာပါ။။။
မကြီး.ရေ ...ထပ်တူထပ်မျှပါပဲဗျာ ...
Deleteကဗျာထဲက အမှောင်ဆီ ရောက်ရှိသွားခဲ့တယ် ။
ReplyDeleteအမှန်တရား သေဆုံးခဲ့တာ ကြာပြီပဲ ။
ခံစားခဲ့တယ် ညီ ။
ထိရှခဲ့ရတဲ့ ကဗျာလေးပါ ။
အရမ်းကောင်းတယ်ဗျ
ReplyDeleteရေးတတ်လိုက်တာဗျာ
လေးစားပါတယ်.....။
ရေးထားတာလေးအရမ်းကောင်းတယ်
ReplyDeleteအားပေးခဲ့ပါတယ်
ထပ်တူအမျှခံစားရပါတယလင်းရာ
ReplyDeleteကောင်းတယ်ဝေး
ခံစားထားတာ
လေးစားပါတယ် အလင်းရေ...ရေးထားတာလေး တကယ်ကို ထိရှခံစားမိပါတယ်...
ReplyDeleteအစဉ်အမြဲအားပေးလျက်ပါနော်....ရင်ခုန်ဘက်လေးနဲ့လဲ အဆင်ပြေတယ်ဟုတ်...:)
ခင်တဲ့...မိုးနတ်
နူးညံ့ပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
ReplyDeleteပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိပ်မက်ကောင်းကင်)
တကယ်ဆို ...
ReplyDeleteမင်းက ကိန်းပြည့်သဘောဆောင်တဲ့ ဗလာစာရွက်တစ်ရွက်ပါ -
ကိုယ့်ကိုယ်ကိုယ် ရွက်လှေချိုးပြီး ရွက်လွင့်ခဲ့သူပေါ့ ..
အဲဒီနေရာလေးတော်တော်သဘောကျတယ်ဗျာ
အမြဲအားပေးနေပါတယ်အကို လေးစားပါတယ်
ReplyDeleteအသည်းကွဲတာမကောင်းဘူးဗျ အသည်းကွဲရင်မျက်ရည်မကျမိနဲ့နော်ကိုယ်ကအရှုံးသမားဖြစ်သွားမယ်
ReplyDelete