Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, July 7, 2012

အကွာအဝေး

ဘယ်လောက်ဝေးလို့လဲ .... ?

တို့နှစ်ဦးကြားကမိုင်တွေ

မဖြစ်စလောက် ခရီးအကွာအဝေးလေးက

ပိုးစို့ပက်စက် ငါ့ရင်ထဲ အလွမ်းတွေ စိုက်ပျိုးတယ် ..... ။

ချစ်တဲ့သူက ချစ်သူဆီကို -

ပျံသန်းခဲ့ချင်ပါတယ် ...

ငါစိုးရိမ်တာက

ငါ့အတောင်ပံခတ်သံကြောင့်

ချစ်သူရဲ့ကောင်းကင် ပျက်စီးသွားမလား ... ?

တွေ့ဆုံခွင့် ဆိုတဲ့

ငါ့အလွမ်းပြေဖို့ကြိုးစားမှုတွေကြောင့်

ချစ်သူရဲ့ ပန်းချီကားမှာ

အပြာရောင်တွေကျန်ပါဦးမလား ...?

... ချစ်သူရယ် ...

မပြည့်စုံသေးတဲ့ဘ၀မှာ

အစာမကြေနိုင်မှန်းသိရက်နဲ့ပဲ အလွမ်းတွေကို မျိုချနေရတယ် .....     ။       ။

2 comments:

  1. ရိုးရိုးရှင်းရှင်းနဲ့ အချစ်ကဗျာလေးတွေ
    ဖတ်ရတာကောင်းတယ် အလင်းရေ
    မဂျီးကဖတ်ချင်သေးတယ် အလင်းက အပြာနုပေါ်ကို
    အပြာရင့်နဲ့ရေးထားတော့ သိပ်မဖတ်နိုင်ခဲ့ဘူးနော်
    ငါ့ပါဝါကြီးတယ် မျက်မှန်ကိုပြောတာ
    ကြာကြာလေးဖတ်နေတော့ စာလုံးတွေဝါးလာလို့နော်

    ReplyDelete
  2. အရမ်းကြိုက်တာပဲ

    ReplyDelete