Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, July 7, 2012

အကြောင်းအရာ တစ်ခု

အတိအကျ မမှတ်မိလို့

နေ့စွဲကို မဖေါ်ပြတော့ဘူး

ငါ့စိတ်ထဲမှာ ထင်ရတာက

ဒီစာမရေးခင်အချိန်လေးကလိုပဲ

အချစ်ကို စတင်တွေ့ရှိပုံက မိုးမမြင်လေမမြင်နဲ့

နှလုံးသားတစ်စုံ အရောင်မဲ့ပြိုင်ခဲ့ကြတာ

တစ်ဦးက အချစ်ကို ဖွင့်ဟပြောပြဖို့

တစ်ယောက်က အချစ်ကိုအဖြေပေးဖို့

ဝိုင်းစက်စက်မျက်ဝန်းနှစ်စုံမှာ

အသံမဲ့စကားတွေချိုမြိန်ခဲ့ကြတယ် .....

 (ကိုယ်စီကိုယ်စီ)

ကိုယ့်ရင်ဘက်ကိုစမ်းကြည့်တော့

ဒိတ် ... ဒိတ် . ဒိတ် ... ဒိတ်  ....

ပုံရိပ်တွေကို copy ပန်းပုထုသံတွေနဲ့

မျက်စိဖွင့်ဖွင့်/ပိတ်ပိတ်

အချစ်ဦးက စိတ်အိမ်ကိုပိုင်စိုးနေလို့

ငါ့စိတ်ထဲမှာထင်ရတာက

ဒီစာရေးရင်း ဖြစ်ပျက်သွားသလို

နေ့စွဲကိုမဖော်ပြတော့ဘူး

အတိအကျ မမှတ်မိလို့     ..... ။       ။

No comments:

Post a Comment