ငါ ...
ဆူးနင်းမိခဲ့တယ် ...
မိုးမိသွားတဲ့ လေတံခွန်ငယ် -
ဆောက်တည်ရာမဲ့ ပြိုလဲပျက်စီး -
ငါ့မီးတွေငါ့ကိုလောင်ကျွမ်း ... လို့ ...
လိုအပ်နေတဲ့ဆေးတစ်ခွက်ကို အမည်တပ်လို့မရခဲ့ ..... ။
လောကကြီးရေ ...
ငါ - သူငယ်တန်းပါ
ဆယ်တန်းစာတွေ ထပ်မမေးပါနဲ့တော့
ဦးနှောက်လည်းပျက် ၊ အသည်းလည်း အက်နေပြီ ...
မနက်ဖန်ထွက်မယ့် အောင်စာရင်းမှာ
ချစ်သူနာမည်လေး ပါစေချင်လို့ပါ .... ။
အသိစိတ်ရဲ့ အိပ်မက်နယ်ထဲမှာပေါ့ ...
ငါ့တစ်ယောက်တည်း
ချစ်ခြင်းတရားကို အလယ်မှာထားပြီး
ပေးဆပ်ခြင်းနဲ့ရယူခြင်းက လွန်အသေဆွဲတယ်
... “ ပွဲကမပြီးသေးဘူး ” ...
ခုထိစောင့်ကြည့်နေရင်း ...
... ငါ ...
ဒူးထောက်ခစားရင်း သိမ်းပိုက်နေမိတယ် ..... ။ ။
No comments:
Post a Comment