Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, July 14, 2012

လွန်ခဲ့သောနံနက်ခင်း

ဟိုရင်အချိန်က အိမ်ပြန်ချိန်များ

နှုတ်ဆက်ထွက်ခွါနေကျ ချစ်သူခြေလှမ်းတွေ

ငါဘယ်လို ရပ်တန့်စေနိုင်မှာလဲ   ...  ?

ကြိုးစားမရခဲ့တော့

တစ်ညတာ အလွမ်းတွေ

ခဏခဏငါ့ရင်မှာစွန်းထင်းခဲ့တယ် ...

သို့ပေမယ့် - နံနက်ခင်းမှာ အချစ်ရှိတယ်   ..... ။

ဘ၀ရဲ့တစ်ဆစ်ချိုး အလှည့်အပြောင်း

ချစ်သူတို့ရဲ့ကံခေချိန်

ကျောခိုင်းထွက်ခွါခဲ့ရ ငါ့ခြေလှမ်းတွေ

ဘယ်လိုဆက်လျှောက်ရမလဲ  ...  ?

ကြိုးစားမရခဲ့တော့

တစ်သက်စာအလွမ်းမျာနဲ့  ငါ

အချစ်ဆိုတာ ... လွန်ခဲ့သောနံနက်ခင်း တစ်ခုဖြစ်ခဲ့ပြီ  .....

အခုတော့  ငါဟာ

နိုးထလို့မရတဲ့ အိပ်မက်ဆိုးထဲကခလေးငယ်လို

အရာရာကိုကြောက်ရွံ့အားငယ်မိတယ်  ချစ်သူရယ်    ..... ။       ။


3 comments:

  1. တစ်ညတာ အလွမ်းတွေ

    ခဏခဏငါ့ရင်မှာစွန်းထင်းခဲ့တယ် ...

    သို့ပေမယ့် - နံနက်ခင်းမှာ အချစ်ရှိတယ်

    ဟုတ်တာပေါ့ လှပတဲ့ နံနက်ခင်းတွေတိုင်း
    ချစ်သူရှိနေလို့လေ

    ReplyDelete
  2. ထာဝရပျော်ရွှင်ပါစေ
    Aung 2

    ReplyDelete