Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Wednesday, July 18, 2012

သက်တန့်ရောင်တေးကဗျာ

အချစ်ကို အရာင်တွေနဲ့ခံစားကြည့်တော့

နတ်သမီးကကျွန်တော့်ကို မုန်းတယ်

မငြင်းပယ်ပါနဲ့ချစ်သူရယ် ...

နင်ဟာ ငါ့ကောင်းကင်ထဲက

မျက်ရည်မိုးတွေနဲ့ ရင်းခဲ့ရတဲ့

သက်တန့်လေး တစ်စင်းပါ ..... ။

အချစ်ကို တေးသွားလေးနဲ့ချော့အသိပ်မှာ

ထိပ်ထားလေးရဲ့ လှောင်ရယ်သံကို ကြားမိတယ် ...

ပျက်ရယ်မပြုပါနဲ့ချစ်သူရယ် ....

နင်ဟာ ငါ့ဂစ်တာအိုလေးရဲ့

ကမ္ဘာတည်သရွေ့ပျံ့လွင့်နေမယ့်

မူပိုင်သံစဉ်ချိုလေးတစ်ခုပါ ..... ။

အချစ်ကိုရွှေကာရံနဲ့နှိုင်းတော့

တော်ဝင်သူအတွက် ရိုင်းတယ်ထင်မယ် ....

လက်ခံပေးပါချစ်သူရယ် ...

နင်ဟာ ငါ့ဘ၀စာမျက်နှာပေါ်က

နှလုံးသွေးနဲ့ရေးချယ်ခဲ့ရတဲ့

ဝတ်မှုံကဗျာလေးတစ်ပုဒ်ပါ ချစ်သူ   ..... ။     ။

No comments:

Post a Comment