နေ့ရက်တွေကုန်ဆုံးတယ် ...
ခုထိဒဏ်ရာမပျောက်သေးဘူး
ဘ၀မှာ-
ကိုယ်က သိပ်ချစ်မိသူဆိုရင် ...
အချစ်ဆိုတာ ...
စီချင်းထိုးရသလိုပါပဲ ...
ဒါပေမယ့် -
ဆင်တွေ ၊ မြင်းတွေနဲ့
ရာဇ၀င်ထဲက စီးချင်းထိုးပုံမျိုးတော့မဟုတ်ဘူး ... !
စိမ်းဖန့်ဖန့် အမုန်းဓါးတွေနဲ့
အမြဲတမ်း နင်ကငါ့ကိုစီးပြီးတော့
ရင်ဝကိုချည်းပဲ ထိုးစိုက်ခဲ့တာ ...
ငါကလည်း နင်နဲ့ ပါက်သက်လာရင်
တိုက်စစ်မဲ့သလို ၊ ခံစစ်လည်းမရှိခဲ့လေတော့
နင့်အမုန်းဓါးနဲ့ ငါ့နှလုံးသားဟာ
ရထားတစ်စင်းနဲ့ ဘူတာရုံလိုပါပဲ ...
စဉ်းစားပါဦး ချစ်သူ
ဒီလိုနည်းနဲ့
အချစ်တစ်ခုကို အပြီးသတ်နိုင်မယ်လို့ ...
နင် ... ထင်သလိုရက်စက်နေမှာလား ... ?
ကောင်းပြီလေ -
ဘယ်တော့မှ နင်ငါ့ကို သတိမရဖို့-
ဒီစကားတစ်ခွန်းကိုတော့ မေ့ထားစေချင်တယ် ... !
... နောက်ဆုံး ...
ရင်ကွဲ ပက်လက်နဲ့
ငါ့မျက်ရည်တွေ တစက်စက်ကျနေလည်း
ငါ့လက်တစ်ဖက်က နင့်အတွက်ကဗျာတွေရေးနေဦးမယ် ... ဆိုတာ ...
နင် ... မေ့ထားပေးပါ ချစ်သူ .....။ ။
ရှုံးပွဲတွေအတွက် ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ
ReplyDeleteအစားပြန်ရပါစေလို့