Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Friday, July 20, 2012

စီးချင်းထိုးပွဲ

ရှုံးပွဲတွေ ရေတွက်ရင်း

နေ့ရက်တွေကုန်ဆုံးတယ် ...

ခုထိဒဏ်ရာမပျောက်သေးဘူး

ဘ၀မှာ-

ကိုယ်က သိပ်ချစ်မိသူဆိုရင် ...

အချစ်ဆိုတာ ...

စီချင်းထိုးရသလိုပါပဲ ...

ဒါပေမယ့် -

ဆင်တွေ ၊ မြင်းတွေနဲ့

ရာဇ၀င်ထဲက စီးချင်းထိုးပုံမျိုးတော့မဟုတ်ဘူး ...  !

စိမ်းဖန့်ဖန့် အမုန်းဓါးတွေနဲ့

အမြဲတမ်း နင်ကငါ့ကိုစီးပြီးတော့

ရင်ဝကိုချည်းပဲ ထိုးစိုက်ခဲ့တာ ...

ငါကလည်း နင်နဲ့ ပါက်သက်လာရင်

တိုက်စစ်မဲ့သလို ၊ ခံစစ်လည်းမရှိခဲ့လေတော့

နင့်အမုန်းဓါးနဲ့ ငါ့နှလုံးသားဟာ

ရထားတစ်စင်းနဲ့ ဘူတာရုံလိုပါပဲ ...

စဉ်းစားပါဦး ချစ်သူ

ဒီလိုနည်းနဲ့

အချစ်တစ်ခုကို အပြီးသတ်နိုင်မယ်လို့ ...

နင် ... ထင်သလိုရက်စက်နေမှာလား ...   ?

ကောင်းပြီလေ -

ဘယ်တော့မှ နင်ငါ့ကို သတိမရဖို့-

ဒီစကားတစ်ခွန်းကိုတော့ မေ့ထားစေချင်တယ် ... !

... နောက်ဆုံး ...

ရင်ကွဲ ပက်လက်နဲ့

ငါ့မျက်ရည်တွေ တစက်စက်ကျနေလည်း

ငါ့လက်တစ်ဖက်က နင့်အတွက်ကဗျာတွေရေးနေဦးမယ်  ... ဆိုတာ ...

နင် ... မေ့ထားပေးပါ ချစ်သူ  .....။    ။

1 comment:

  1. ရှုံးပွဲတွေအတွက် ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ
    အစားပြန်ရပါစေလို့

    ReplyDelete