Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Saturday, July 21, 2012

အမှားတစ်ခု

မေမေ ...

သားကို ငယ်ငယ်တုန်းပြောခဲ့ဖူးတယ် ...

အချစ်ဆို တာမီးလိုပဲ တဲ့ ...

အရမ်းပူလောင်တယ် လို့ ...

ဒါပေမယ့်  မေမေ ...

ရင်ခုန်သံရဲ့စေ့ဆော်မှုကြောင့်

မေမေပြောတဲ့ မီး ဆိုတဲ့အရာကို

တက်မက်စွာနမ်းရှိုက်မိလို့

သားရင်ဘက်ထဲမှာ အရမ်းပှုလေင်နေပြီမေမေ ...

ပြင်လို့မရတော့တဲ့ အမှားတွေက -

နှုတ်လို့မရတော့တဲ့ ဆူးတွေလို ...

မျှော်လင့်လို့မရတော့တဲ့ ချစ်ခြင်းမေတ္တာတွေက -

ဖြေလို့မရတော့တဲ့ အဆိပ်တွေလို ...

သားရင်ထဲမှပြည့်နက်နေလို့ ...

ဒီနေ့ ဆိုတဲ့အိပ်ရာဝင်တိုင်းမှာ

ကဗျာတစ်ပုဒ်နဲ့ အဖော်လုပ်ပြီးငိုကြွေးနေရတယ်ဆိုတာ ...

မေမေ သိခဲ့ရင်  ...... ။     ။

2 comments:

  1. အမေ ကတော့သိရင် ဝမ်းနည်းနေမှာ

    ReplyDelete