Shwebo, Sagaing, Myanmar (Burma)
အရာအားလုံးထက် ကဗျာတစ်ပုဒ်ကို ပိုစိတ်ဝင်စားခဲ့တယ် ... အတွေးများသလောက် စကားနည်းပြီး အကြောင်းအရာတစ်ခုကိုခံစားဖို့လွယ်သလောက် မေ့ပျောက်ဖို့ခက်ခက်နေတတ်တဲ့လူတစ်ယောက် ...

Monday, November 12, 2012

တစ်ဖက်သက်အချစ်ဗေဒ


 










တစ်စုံတစ်ယောက်ကိုချစ်ရတာ

တစ်စုံတစ်ခုကို ဓါးနဲ့လှီးမိသလိုပဲ

ငါခံစားရတယ် .....

အိပ်မက်ကနိုးတော့ ငါ့ရင်ဘက်မှာသွေးတွေနဲ့

သိပ်ထူးဆန်းတာပဲ .....

လိုတာထက်ပိုနေတဲ့အလွမ်းတွေက

ဖမ်းဆုပ်ထားခြင်းမရှိပေမဲ့ / ငါ့လက်ထဲကနေ-

-လွတ်ကျကွဲရှခြင်းမရှိခဲ့သလို ...

အောက်ကျနောက်ကျနဲ့ကိုယ့်ကိုယ်ကို

နဖားကြိုးတတ်ဖို့ကိုရော -

-မြတ်နိုးခြင်းတွေက သင်ကြားပးခဲ့တာလား   .....  ?

(ဘယ်သူပြောလဲ ...အချစ်ဆိုတာ ချိုမြိန်လွန်းတယ်လို့ )

ပေးဆပ်ခွင့်လေးရဖို့အတွက်ကိုမျှ

မျက်ရည်တွေ မိုးလိုသည်းနေခဲ့ရင်လည်း

(sorry ပါပဲ )

အတွေ့အကြုံအရ -

- သင်    ရူပဗေဒမှာ အမှတ်အပြည့်ရရင်ရလိမ့်မယ် ...

တစ်ဖက်သက်အချစ်ဗေဒမှာတော့ minus infinity ပဲ

ဘာလဲ  ... ?

...သက်ရောက်မှုတိုင်းမှာ ... တူညီတဲ့တုန့်ပြန်မှုရှိတယ် ...`  တဲ့

...နယူတန် ကို ပြောပြလိုက်ပါ ...

...မြတ်နိုးမှုတိုင်းမှာ ... တူညီတဲ့မျက်ရည်တွေသာ ...ရှိခဲ့တဲ့အကြောင်း .....    ။     ။


4 comments:

  1. နယူတန်ကိုပြောပြလိုက်ပါ့မယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ရဲကြီး April 17.4.2013April 17, 2013 at 6:35 AM

    အားလုံးထဲမှာ ဒီကဗျာလေးကို အကြိုက်ဆုံးပဲ ကဗျာအားလုံးကောင်းပေမဲ့ ဒီကဗျာလေးက ကိုယ့်နှလုံးသားက စကားလုံးတွေကို နှုတ်ယူရေးထားသလိုပဲ ကျေးဇူးပါပဲအလင်းရေ

    ReplyDelete
  3. ကောင်းလိုက်တာ
    ကူးသွာပြီ

    ReplyDelete
  4. ခံစားချက်ခြင်း တိုက်ဆိုင်လို့
    ကြိုက်သွားပြီ သူငယ်ချင်း
    ကဗျာတွေ
    ဒီထက်များများ ရေးနိုင်ပါစေ
    သူငယ်ချင်း

    ReplyDelete