တစ်စုံတစ်ယောက်ကိုချစ်ရတာ
တစ်စုံတစ်ခုကို ဓါးနဲ့လှီးမိသလိုပဲ
ငါခံစားရတယ် .....
အိပ်မက်ကနိုးတော့ ငါ့ရင်ဘက်မှာသွေးတွေနဲ့
သိပ်ထူးဆန်းတာပဲ .....
လိုတာထက်ပိုနေတဲ့အလွမ်းတွေက
ဖမ်းဆုပ်ထားခြင်းမရှိပေမဲ့ / ငါ့လက်ထဲကနေ-
-လွတ်ကျကွဲရှခြင်းမရှိခဲ့သလို ...
အောက်ကျနောက်ကျနဲ့ကိုယ့်ကိုယ်ကို
နဖားကြိုးတတ်ဖို့ကိုရော -
-မြတ်နိုးခြင်းတွေက သင်ကြားပးခဲ့တာလား ..... ?
(ဘယ်သူပြောလဲ ...အချစ်ဆိုတာ ချိုမြိန်လွန်းတယ်လို့ )
ပေးဆပ်ခွင့်လေးရဖို့အတွက်ကိုမျှ
မျက်ရည်တွေ မိုးလိုသည်းနေခဲ့ရင်လည်း
(sorry ပါပဲ )
အတွေ့အကြုံအရ -
- သင် ရူပဗေဒမှာ အမှတ်အပြည့်ရရင်ရလိမ့်မယ် ...
တစ်ဖက်သက်အချစ်ဗေဒမှာတော့ minus infinity ပဲ
ဘာလဲ ... ?
...သက်ရောက်မှုတိုင်းမှာ ... တူညီတဲ့တုန့်ပြန်မှုရှိတယ် ...` တဲ့
...နယူတန် ကို ပြောပြလိုက်ပါ ...
...မြတ်နိုးမှုတိုင်းမှာ ... တူညီတဲ့မျက်ရည်တွေသာ ...ရှိခဲ့တဲ့အကြောင်း ..... ။ ။
နယူတန်ကိုပြောပြလိုက်ပါ့မယ်
ReplyDeleteခင်မင်တဲ့ sis jasmine
အားလုံးထဲမှာ ဒီကဗျာလေးကို အကြိုက်ဆုံးပဲ ကဗျာအားလုံးကောင်းပေမဲ့ ဒီကဗျာလေးက ကိုယ့်နှလုံးသားက စကားလုံးတွေကို နှုတ်ယူရေးထားသလိုပဲ ကျေးဇူးပါပဲအလင်းရေ
ReplyDeleteကောင်းလိုက်တာ
ReplyDeleteကူးသွာပြီ
ခံစားချက်ခြင်း တိုက်ဆိုင်လို့
ReplyDeleteကြိုက်သွားပြီ သူငယ်ချင်း
ကဗျာတွေ
ဒီထက်များများ ရေးနိုင်ပါစေ
သူငယ်ချင်း