ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့
မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?
အဖြေကို ရှာမတွေ့ခင်မှာပဲ -
- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....
ဒီလိုပါပဲ ...
ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -
- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -
- ချစ်သူ ခမျာမှာလည်း
မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...
မငိုပါနဲ့ ...
မငိုနဲ့တော့ ချစ်သူရေ ...
နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....
.......... ...... ..........
ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက
ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?
ခလေးငယ် တစ်ယောက်ရယ် ...
မရေရာသေးတဲ့ အနာဂါတ်ကို
ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?
သူမအတွက်တွေးပြီး
အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။
တစ်ခါတရံမှာ
အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို
သူမကို မြတ်နိုးခဲ့ပါတယ် .....
တစ်ခါတရံမှာတော့
အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်
အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး
ကိုယ့် အလှည့်ရောက်ခဲ့ရင်
အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်
သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...
အချစ်စစ်မှန်ရင်
ရွပ်ရွပ်ချွံချွံ ပဲ ပေးဆပ်လိုက်မယ် ..... ။ ။
အားပေးသွားပါတယ်
ReplyDeleteတစ်ခါတရံမှာ
ReplyDeleteအိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘေထားကွဲလွဲမှုလေးလို
သူမကို မြတ်နိုးခဲ့ပါတယ် .....
တစ်ခါတရံမှာတော့
အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်
အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး
ကိုယ့် အလှည့်ရောက်ခဲ့ရင်
အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်
သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...
အချစ်စစ်မှန်ရင်
ရွပ်ရွပ်ချွံချွံ ပဲ ပေးဆပ်လိုက်မယ် ..... ။ ။
ကောင်းတယ် အလင်းရေ..
ကဗျာလေးကို သဘောကျမိတယ်...
ဆက်လက်ထုဆစ်နိုင်ပါစေဟယ်....
ခင်မင်နေတဲ့...မိုးနတ်
အချစ်စစ်မှန်ရင်
ReplyDeleteရွပ်ရွပ်ချွံချွံ ပဲ ပေးဆပ်လိုက်မယ် ..... ။ ။
နောက်ဆုံးအပိုဒ်လေး သဘောကျတယ် :D :D
:s:s:s:s:s:s အားပေးလျှက်....
ReplyDelete(y)
ReplyDeleteစိတ်ဓါတ်ကိုလေးစားပါတယ် 100%
ReplyDeleteကဗျာလေးက
ReplyDeleteကောင်းပါ
နောက်ထက်လဲ ကြိုးစားနော်
အားပေးမယ်
(y);
ReplyDelete