နှုတ်ဆက်ထွက်ခွါနေကျ ချစ်သူခြေလှမ်းတွေ
ငါဘယ်လို ရပ်တန့်စေနိုင်မှာလဲ ... ?
ကြိုးစားမရခဲ့တော့
တစ်ညတာ အလွမ်းတွေ
ခဏခဏငါ့ရင်မှာစွန်းထင်းခဲ့တယ် ...
သို့ပေမယ့် - နံနက်ခင်းမှာ အချစ်ရှိတယ် ..... ။
ဘ၀ရဲ့တစ်ဆစ်ချိုး အလှည့်အပြောင်း
ချစ်သူတို့ရဲ့ကံခေချိန်
ကျောခိုင်းထွက်ခွါခဲ့ရ ငါ့ခြေလှမ်းတွေ
ဘယ်လိုဆက်လျှောက်ရမလဲ ... ?
ကြိုးစားမရခဲ့တော့
တစ်သက်စာအလွမ်းမျာနဲ့ ငါ
အချစ်ဆိုတာ ... လွန်ခဲ့သောနံနက်ခင်း တစ်ခုဖြစ်ခဲ့ပြီ .....
အခုတော့ ငါဟာ
နိုးထလို့မရတဲ့ အိပ်မက်ဆိုးထဲကခလေးငယ်လို
အရာရာကိုကြောက်ရွံ့အားငယ်မိတယ် ချစ်သူရယ် ..... ။ ။
uyemyatthulay@gmail.com
ReplyDeleteတစ်ညတာ အလွမ်းတွေ
ReplyDeleteခဏခဏငါ့ရင်မှာစွန်းထင်းခဲ့တယ် ...
သို့ပေမယ့် - နံနက်ခင်းမှာ အချစ်ရှိတယ်
ဟုတ်တာပေါ့ လှပတဲ့ နံနက်ခင်းတွေတိုင်း
ချစ်သူရှိနေလို့လေ
ထာဝရပျော်ရွှင်ပါစေ
ReplyDeleteAung 2